ROS Coding.1.1.myrobot1.urdf ရှင်းလင်းချက်များ

အရင် topic မှာ simulation လုပ်ဖို့ ရန်အတွက် robot model တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ robot model ကို တည်ဆောက်ရန်အတွက် urdf ကို အသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ urdf ရဲ့ အဓိပ္ပါယ်ကိုတော့ ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ tutorial မှာတော့ urdf ထဲတွင် အသုံးပြုထားတဲ့ tag တွေ အကြောင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ robot model တစ်ခုမှာ base_link နဲ့ child_link ဆိုပြီး အပိုင်း ၂ ပိုင်း ပါဝင်ဖွဲ့စည်းထားပါတယ်။ Base_link ကတော့ robot ရဲ့ အဓိက အကျဆုံးအပိုင်းဖြစ်ပြီး child_link တွေကတော့ base_link ကို လာပြီးတွဲဆက်ထားတဲ့ အပိုင်းတွေဖြစ်ပါတယ်။ myrobot1.urdf မှာ ပါဝင်တဲ့ tag တွေကို တစ်ခုချင်း လိုက်ကြည့်ကြည့်ရအောင်။

<link name="base_link">
     <visual>
          <geometry>
               <box size="0.2 .3 .1" />
          </geometry>
          <origin rpy="0 0 0" xyz="0 0 0.05" />
          <material name="white">
               <color rgba="1 1 1 1" />
          </material>
     </visual>
</link>

ကျွန်တော်တို့ရဲ့ model မှာ main platform နဲ့ ဘီးလေးဘီး ပါဝင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ robot မှာ အပိုင်း ၅ ပိုင်း ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်။ ပထမဆုံး base_link အတွက် ရေးထားတဲ့ tag ကို ကြည့်ကြည့်ရအောင်။ ဒီမှာ link name ကို ကျွန်တော်တို့ base_link လို့ ပေးထားပါတယ်။ အဆင်ပြေသလိုပေးလို့ရပါတယ်။

<link name="base_link">

</link>

ဆက်ပြီးတော့ link tag အောက်က visual ဆိုတဲ့ tag ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆက်ကြည့်ကြည့်ရအောင်။ ဆိုတဲ့ tag ကတော့ link ရဲ့ geometry ပုံစံကို ကိုယ်စားပြုပါတယ်။ base_link အတွက် ဆိုပြီး box တစ်ခုကို တည်ဆောက်ထားပါတယ်။ 0.2 ကတော့ x axis မှာ ရှိတဲ့ length ကို ကိုယ်စားပြုတာဖြစ်ပြီး။ 0.3 ကတော့ y axis မှာ ရှိတဲ့ length နဲ့ 0.1 ကတော့ z axis အတိုင်း length ဖြစ်ပါတယ်။ ပြီးရင်တော့ box ကို coordinate frame ထဲမှာ နေရာချဖို့လိုပါတယ်။ ဒီ tag ကတော့ robot platform ရဲ့ orientation နဲ့ တည်နေရာကို ဖော်ပြပေးတဲ့ tag ဖြစ်ပါတယ်။ rpy ကတော့ roll, pitch နဲ့ yaw ဖြစ်ပြီး xyz ကတော့ robot ရဲ့ တည်နေရာဖြစ်ပါတယ်။ coordinate frame ကတော့ Cartesian coordinate frame ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကတော့ link ရဲ့ အရောင်ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ tag တွေ အတိုင်းပဲ wheel1, wheel2, wheel3, wheel4 ဆိုပြီး ဆက်လက်တည်ဆောက်သွားပါမယ်။ ဒါကိုတော့ အသေးစိတ်ထပ်မရှင်းပြတော့ပါဘူး။ link တွေ တစ်ခုချင်း တည်ဆောက်ပြီးတာနဲ့ ၄င်း link တွေကို တစ်ခုနဲ့ တစ်ခုလိုက်တွဲစပ်ပေးဖို့လိုအပ်ပါသေးတယ်။ အောက်မှာတော့ wheel1 နဲ့ base ဘယ်လိုတွဲစပ်ထားတယ်ဆိုတာကို ဆက်ရှင်းပြပေးပါမယ်။

<joint name="base_to_wheel1" type="fixed">
     <parent link="base_link" />
     <child link="wheel_1" />
     <origin xyz="0 0 0" />
</joint>

joint name ကိုတော့ base_to_wheel1 ဆိုပြီး ပေးထားပါတယ်။ type ကတော့ fixed type လို့ပေးထားပါတယ်။ ဒီမှာ parent link ကတော့ main link ဖြစ်ပြီး child link ကတော့ main link ကို တွဲထားတဲ့ ကောင်ဖြစ်ပါတယ်။ ကတော့ child link ရဲ့ position ကို main link အပေါ်မူတည်ပြီး ဖော်ပြထားဖြစ်ပါတယ်ခင်ဗျာ။။ နောက်သင်ခန်းစာမှာတော့ ကျွန်တော်တို့ရဲ့ model ကို keyboard ကနေ တဆင့် ဘယ်လို ခိုင်းရမယ်ဆိုတာကို နောက် topic မှာ ဆက်ရေးပါမယ်။

results matching ""

    No results matching ""