Topic, Service and Actionlib
အရင် post မှတော့ ROS ရဲ့ အခြေခံ idea ဖြစ်တဲ့ topics တွေအကြောင်းကို examples တွေနဲ့ တကွရှင်းပြပေးခဲ့ပါတယ်။ ဒီ post မှာတော့ services နဲ့ actionlib တွေ အကြောင်းကို ရှင်းပြပေးပါမယ်။ topics တွေက one way communication ဖြစ်ပါတယ်။ one way communication ဖြစ်တဲ့အတွက် topic တစ်ခုကို node တစ်ခုကနေ publish လုပ်ပြီး node တစ်ခုကနေ subscribe လုပ်ပါတယ်။ subscribe လုပ်နေတဲ့ node က ၄င်း topic ကို publish ပြန်လုပ်လို့ မရပါဘူး။ ဒါကြောင့်သူ့ကို one way communication လို့ခေါ်ပါတယ်။ topic တွေကိုတော့ sensors တွေရဲ့ data တွေကို ရယူတဲ့နေရာမှာ အသုံးပြုပါတယ်။services နဲ့ actionlib ကတော့ two ways communication ဖြစ်ပါတယ်။ သူ့မှာတော့ server side နဲ့ client side ဆိုပြီး ရှိပါတယ်။ services နဲ့ actionlib ရဲ့ အသုံးတွေကိုတော့ အောက်ပါ examples လေးနဲ့ ကြည့်ရအောင်..
ကျွန်တော်တို့ရဲ့ mobile robot ဟာ အမှတ် (A)ကနေ အမှတ် (B)ကို သွားဖို့အတွက် task တစ်ခုကို ပေးလိုက်တယ်ဆိုပါတော့။ ကျွန်တော်တို့ဟာ အမှတ် (B) ရောက်တယ် မရောက်ဘူးဆိုတဲ့ informations ကို အမြဲသိနေဖို့လိုအပ်ပါတယ်။ client side ကနေပြီးတော့ အမှတ် (B) ကို ရောက်မရောက်ဆိုတာကို actiolib ကို အသုံးပြုပြီး အမြဲစစ်ဆေးနေပါလိမ့်မယ်။ ဒီမှာ services ကို အသုံးမပြုဘူးလားလို့မေးစရာရှိလာပါတယ်။ actionlib မှာ တစ်ခုပိုတာကတော့ သူက target ကို ရောက်တာနဲ့ ရောက်ပြီဆိုတဲ့တဲ့ goal state ကိုပြန်ပေးပါတယ်။ တကယ်လို့ မရောက်သေးရင်လည်း မရောက်သေးဘူးဆိုတဲ့ လက်ရှိအခြေအနေကိုလည်း ပြန်ပေးနေပါတယ်။ သို့အတွက်. client ကနေပြီးတော့ robot ရဲ့ လက်ရှိအခြေအနေကိုရော goal state ကို ရောက်မရောက်ဆိုတာကိုရော အချိန်နဲ့တပြေးညီ သိရှိနေပါတယ်။ goal state ကို ရောက်ပြီဆိုတာသေချာတာနဲ့ တခြားတာဝန်ကို ထမ်းဆောင်ပါလိမ့်မယ်။ အမှတ် (A)ကနေ အမှတ် (B)ကို သွားတဲ့နေရာမှာ မရောက်ခင် robot ရဲ့ Battery ကုန်သွားခဲ့ရင် robot က Battery အားသွင်းမယ့်နေရာကို အလိုလိုသွားပြီး အားသွင်းပါမယ်။ အားသွားပြီးလို့ အားပြည့်တာနဲ့ နဂိုလမ်းကြောင်းအတိုင်း ပြန်သွားပါလိမ့်မယ်။ သို့အတွက်ကြောင့် servies ကို အသုံးပြုပြီး စက္ကန့်သုံးဆယ်လောက်တစ်ခါမှာ ဘတ္ထရီကုန်မကုန်လှမ်းမေးနေပါမယ်။ ဘတ္ထရီကုန်နေပြီဆိုတဲ့ response ရတာနဲ့ အားသွင်းတဲ့ function ကို ထမ်းဆောင်ပါမယ်။ အားပြည့်ပြီဆိုတဲ့ response ပြန်ရပြီဆိုတာနဲ့ သူ့နဂိုလမ်းကြောင်းကို ပြန်သွားပါလိမ့်မယ်။ အမှတ် (A)ကနေ အမှတ် (B)ကနေ သွားနေတဲ့အချိန်အတွင်းမှာဘဲ camera node, sensors node, တွေက topic တွေကို အသုံးပြုပြီး robot ဆီကနေ data တွေက အမြဲ publish လုပ်ပေးနေပါလိမ့်မယ်။
ဒါကတော့ topics, services, နဲ့ actionlib တို့ရဲ့ အသုံးပြုပုံကို example လေးနဲ့ ရှင်းပြထားတာဖြစ်ပါတယ်။ နောက်ပို့တွေမှာတော့ ကိုယ်ပိုင် messages, services နဲ့ actionlib တွေကို ဘယ်လိုဖန်တီးပြီး အသုံးပြုတယ်ဆိုတာကို examples တွေနဲ့တကွ ရှင်းပြသွားပါမယ်။