ROS Arduino.1. Arduino IDE Setup For ROS
ဒီလင့်မှာ rosserial_arduino အတွက် Tutorials တွေကို series လိုက်တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် မူရင်းလင့်မှာလည်းပဲ သွားရောက်လေ့လာနိုင်ပါတယ်။ rosserial_arduino သည် ဘာလုပ်သလဲ ကြည့်ရအောင်။

ros က ဘယ်လို အလုပ်လုပ်လဲဆိုတာကို အထက်ပါပုံ နဲ့ တကွ ရှင်းလင်းထားတာကိုဒီလင့်မှာ သွားရောက်ဖတ်နိုင်ပါတယ်။ ဒီပုံမှာကြည့်လိုက်ရင် path planner သည် motor driver တွေကို /Motor command ဆိုတာကို ပို့လွှတ်လိုက်မှာ ဖြစ်ပါတယ်။ motor driver တွေကနေ motor command ကို ရလာတဲ့အခါမှာ သက်ဆိုင်ရာ device တွေကို ထပ်ဆင့်စေခိုင်းမှာဖြစ်ပါတယ်။ ဒီနေရာမှာ arduino တွေသည် driver ရဲ့ တာဝန်ကို ထမ်းဆောင်ပါလိမ့်မယ်။ ကွန်ပြူတာကနေ arduino ကို serial communication နဲ့ လည်း ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး လွယ်ကူစေတဲ့ library လေးတစ်ခုရှိပါတယ် roslib ဆိုတဲ့ library လေးပဲဖြစ်ပါတယ်။ roslib တွေကို ဘယ်လို controller တွေမှာ အသုံးပြုနိုင်လဲကို အောက်မှာ ဖော်ပြထားပါတယ်။
rosserial_arduino =======> Arduino, especially UNO and Leonardo
rosserial_embeddedlinux =======> support for Embedded Linux (eg, routers)
rosserial_windows =======> support for communicating with Windows applications
rosserial_mbed =======> support for mbed platforms
rosserial_tivac =======> support for TI’s Launchpad boards, TM4C123GXL and TM4C1294XL
rosserial_mbed ကတော့ STM ကထုတ်တဲ့ single board microcontrollers တွေ အတွက်ဖြစ်ပြီး၊ rosserial_tivac ကတော့ Texas Instruments ကထုတ်တဲ့ single board microcontrollers တွေ အတွက်ဖြစ်ပါတယ်။ rosserial_arduino ကတော့ arduino board တွေအတွက် ရည်ရွယ်ထားတဲ့ library ပဲ ဖြစ်ပါတယ်။ arduino IDE မှာ ဘယ်လို setup ပြုလုပ်လဲ ကြည့်ရအောင်။ rosserial_arduino ကို setup လုပ်ဖို့အတွက် အောက်ပါ rosserail နဲ့ rosserial_arduino ဆိုပြီး package ၂ ခုလိုအပ်ပါတယ်။ ဒါကိုတော့ အောက်ပါ command တွေနဲ့ install ပြုလုပ်ထားလိုက်ပါမယ်။
sudo apt-get install ros-kinetic-rosserial-arduino
sudo apt-get install ros-kinetic-rosserial
ကျွန်တော်က ros kinetic version ကို အသုံးပြုတာဖြစ်တဲ့အတွက် ros-kinetic ဆိုပြီး install လုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မိတ်ဆွေတို့ က ros indigo version ကို သုံးတယ်ဆိုရင် ros-indigo လို့ ပြောင်းပြီး အောက်ပါအတိုင်း install ပြုလုပ်ထားပါမယ်။
sudo apt-get install ros-indigo-rosserial-arduino
sudo apt-get install ros-indigo-rosserial
ဒါကတော့ တိုက်ရိုက် download လုပ်ပြီး install လုပ်တာပါ။ တိုက်ရိုက် install မလုပ်ပဲနဲ့ rosserial package ကို catkin_ws/src ထဲမှာ install လုပ်မယ်ဆိုရင်တော့ အောက်ပါအတိုင်း install လုပ်ပါမယ်။ ဒီလို install လုပ်ဖို့ အတွက် အားပေးပါတယ်။ တိုက်ရိုက် install လုပ်တာကတော့ တကယ် run တဲ့ အချိန်မှာ error အနည်းငယ်ရှိပါတယ်။
cd catkin_ws/src
git clone https://github.com/ros-drivers/rosserial.git
cd catkin_ws
catkin_make
ကျွန်တော်ကတာ့ working directory နာမည်ကို catkin_ws လို့ပေးခဲ့လို့ cd catkin_ws/src ဆိုပြီး install လုပ်တာဖြစ်ပါတယ်။ မိတ်ဆွေတို့ကလည်း ကိုယ်နှစ်သက်အမည်ပေးထားတဲ့ directory ကို သွားပြီး install လုပ်ရမှာ ဖြစ်ပါတယ်။ working directory တည်ဆောက်ပုံကိုတော့ဒီလင့်မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်။
လိုအပ်တဲ့ packages တွေ အားလုံးကို install ပြုလုပ်ပြီးတာနဲ့ arduino ရဲ့ sketchbook/libraries ထဲမှာ ros_lib ကို install ပြုလုပ်ပါမယ်။ install ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
cd <sketchbook>/libraries
rm -rf ros_lib
rosrun rosserial_arduino make_libraries.py .
cd <sketchbook>/libraries ကတော့ sketchbook/libraries ရှိတဲ့ နေရာကို သွားတာဖြစ်ပါတယ်။ cd <sketchbook> မှာ <> ဒါလေးပါနေပါမယ်။ ဒီနေရာမှာတော့ ကိုယ်ထားထားတဲ့ နာမည်ပေါ့။ ဥပမာ ကျွန်တော့် robotech လို့ပေးထားရင် အောက်ပါ command အတိုင်း run ရမှာဖြစ်ပါတယ်။
cd robotech/libraries
တကယ်လို့ မိတ်ဆွေတို့က default အတိုင်းပဲ sketchbook ကို သုံးရင်တော့ အောက်ပါအတိုင်း run ရပါမယ်။
cd sketchbook/libraries
rm -rf ros_lib ကတော့ တကယ်လို့ libraries ထဲမှာ installed လုပ်ပြီးသားရှိနေခဲ့လျှင် အရင် remove လုပ်လိုက်တာဖြစ်ပါတယ်။
rosrun rosserial_arduino make_libraries.py .
ဒါကတော့ ရှင်းပါတယ် install လုပ်တာပါ။ မူရင်း links မှာတော့ window မှာ install လုပ်တာကို ပြထားပါတယ်။ ကျွန်တော်ကတော့ ထည့်မရေးတော့ပါဘူး။ ros ကို သုံးပြီးဆိုမှာတော့ window ကို လှည့်ကြည့်စရာ မလိုတော့လို့ ယူဆပြီး မဖော်ပြတော့ဖြစ်ပါတယ်။ တကယ်လို့ install လုပ်တာ အောင်မြင်တယ်ဆိုရင်တော့ အောက်ပါပုံအတိုင်းပဲ examples ထဲမှာ ros_lib ဆိုတာပေါ်လာမှာ ဖြစ်ပါတယ်။
