Writing a simple publisher and subscriber (Python)

ROS မှာ nodes တွေက သီးခြား executables program တွေအဖြစ် အလုပ်လုပ်နေပြီး သူတို့ရဲ့ addresses တွေကိုတော့ rosmaster မှာ သွားပြီး register လုပ်ထားပါတယ်။ node တွေက သူတို့ပို့ချင်တဲ့ ဒေတာတွေ (သို့) လိုချင်တဲ့ဒေတာတွေကိုတော့ topic တွေနဲ့ အဆက်အသွယ်လုပ်ကြပါတယ်။ ဆိုပါတော့ ကျွန်တော်သည် A ဆိုတဲ့ node program တစ်ခုနဲ့ အလုပ်လုပ်နေပြီး ၊ ကျွန်တော့်ရဲ့ အခန်းဖော်ကတော့ B ဆိုတဲ့ node program တစ်ခုနဲ့ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ ၂ ဦးကတော့ အခန်းနံပါတ် ၅၀၀ ဆိုတဲ့ rosmaster ပဲထားပါတော့ အဲ့အောက်မှာ အလုပ်လုပ်ကြပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း ၂ ခုက ဘယ်လို အဆက်အသွယ်လုပ်မလဲဆိုတော့ topic တွေကို Publish လုပ်ခြင်း၊ Subscribe လုပ်ခြင်းနဲ့ ဆက်သွယ်နေပါတယ်။ ဒါဟာ ros ရဲ့ အခြေခံအကျဆုံး philosophy တစ်ခုဖြစ်ပါတယ်။ ဒီတော့ nodes တွေကို ဘယ်လို တည်ဆောက်မလဲ၊ topic တွေနဲ့ ဘယ်လို အလုပ်လုပ်မလဲကြည့်ရအောင်။

ROS နဲ့ အလုပ်လုပ်ဖို့ရာအတွက် working directory တစ်ခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုဖန်တီးမလဲဆိုတာကိုတော့ ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ လွယ်လွယ်ကူကူနဲ့ လူပြိန်းနည်းရေးထားပါတယ်။

mkdir -p ~/catkin_ws/src
cd ~/catkin_ws/
catkin_make

အထက်ပါ ကုဒ်တွေအတိုင်း terminal မှာ run လိုက်ရင်တော့ catkin_ws ဆိုတဲ့ working directory တစ်ခုကို ရလာပါလိမ့်မယ်။ working directory ရလာရင်တော့ ကျွန်တော်တို့ node တွေကို ရေးသားဖို့အတွက် ros package ကို ဆက်ပြီး ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ဘယ်လိုဖန်တီးမလဲဆိုတာ အသေးစိတ်သိချင်ရင်တော့ ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်။ အောက်ပါ ကုဒ်တွေအတိုင်း terminal ကနေတဆင့် packages တွေ ဖန်တီးရအောင်…

# You should have created this in the Creating a Workspace Tutorial
cd ~/catkin_ws/src
catkin_create_pkg beginner_tutorials std_msgs rospy roscpp

ဒီမှာ beginner_tutorials လို့ခေါ်တဲ့ package တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူရဲ့ dependencies တွေကတော့ std_msgs၊ rospy၊ နဲ့ roscpp ပဲဖြစ်ပါတယ်။ beginner_tutorials ဆိုတဲ့ packages ထဲမှာ ဘာတွေပါလဲဆိုတာကိုတော့ အောက်ပါပုံမှာ မြင်ရပါလိမ့်မယ်။

package.xml ထဲမှာတော့ description tags တွေ၊ maintainer tags တွေ၊ lincense tags တွေနဲ့ dependencies tags တွေ ပါဝင်ပါလိမ့်မယ်။ CMakeLists.txt ကတော့ software packages တွေကို build လုပ်ဖို့အတွက် Cmake build system ရဲ့ input file ပဲ ဖြစ်ပါတယ်။ include မှာတော့ software packages အတွက် လိုအပ်တဲ့ library ဖိုင်တွေ သွားထားပါမယ်။ src ဖိုင်မှာတော့ ကျွန်တော်တို့ ရေးချင်တဲ့ nodes တွေကို ရေးမှာဖြစ်ပါတယ်။ ဒီမှာတော့ ကျွန်တော် python နဲ့ nodes တွေရေးမှာ ဖြစ်တဲ့အတွက် scripts ဆိုတဲ့ folder လေးတည်ဆောက်လိုက်မယ်။ src ဖိုင်ကိုတော့ C++ နဲ့ ရေးထားတဲ့ nodes တွေအတွက် သီးသန့်ထားချင်လို့ပဲ ဖြစ်ပါတယ်။ scripts ဖိုင်ထဲမှာ talker.py နဲ့ listener.py ဆိုတဲ့ ဖိုင် ၂ ခုကို သွားတည်ဆောက်လိုက်ပါမယ်။

talker.py မှာတော့ အောက်ပါ program ကို သွားပြီး ကူးထည့်ထားရအောင်…

#!/usr/bin/env python
import rospy
from std_msgs.msg import String

def talker():
     pub = rospy.Publisher('chatter', String, queue_size=10)
     rospy.init_node('talker', anonymous=True)
     rate = rospy.Rate(10) # 10hz
     while not rospy.is_shutdown():
     hello_str = String()
     hello_str.data = "hello world %s" % rospy.get_time()
     rospy.loginfo(hello_str)
     pub.publish(hello_str)
     rate.sleep()

if __name__ == '__main__':
     try:
          talker()
     except rospy.ROSInterruptException:
          pass

listener.py မှာတော့ အောက်ပါ program code တွေကို သွားပြီး ကူးထည့်ရအောင်….

#!/usr/bin/env python
import rospy
from std_msgs.msg import String

def callback(data):
     rospy.loginfo(rospy.get_caller_id() + 'I heard %s', data.data)

def listener():
     rospy.init_node('listener', anonymous=True)
     rospy.Subscriber('chatter', String, callback)
     rospy.spin()

if __name__ == '__main__':
     listener()

အားလုံးကူထည့်ပြီးရင်တော့ ဒီဖိုင် ၂ခုရှိတဲ့ နေရာကိုသွားပြီး executables ဖိုင်တွေ ဖြစ်အောင် လုပ်ထားလိုက်ပါမယ်။ အောက်ပါ command တွေကို termial မှာ run လိုက်ပါ။

roscd beginner_tutorials
cd scripts
chmod +x talker.py listener.py

video tutorials ကိုတော့ ဒီ youtube link မှာ ကြည့်နိုင်ပါတယ်။

Publisher

Subscriber

results matching ""

    No results matching ""